By Election 2012

ကြေ  ညာ  ချက်

 

၁။        ြပည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လစ်လပ်နေသည်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၀) နေရာ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်(၆) နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂) နေရာ၊ စုစုပေါင်း(၄၈) နေရာ အတွက် ကြားြဖတ် ရွေးကောက်ပွဲများကို ၁-၄-၂၀၁၂ ( တနင်္ဂနွေနေ့) တွင်ကျင်းပမည်ြဖစ်ကြောင်း ကြေညာချက်အမှတ် (၆၁/၂၀၁၁) ဖြင့်ထုတ်ပြန် ကြေညာ ခဲ့ပြီးြဖစ်ပါသည်။

 

၂။        သို့ပါ၍ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ြဖင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ နယူးဂျာစီနှင့် ကော်နက်တီကတ် နယ်‌ြေမများတွင် ရောက်ရှိနေသော ဖော်ပြ ပါ ၄၈ မြုိ့နယ်အတွင်း နေထိုင်သည်‌့ မဲဆန္ဒရှင်များသည် ပူးတွဲပါပုံစံ(၁၅) တွင် ပြည်‌့စုံစွာ ဖြည်‌့စွက်လျက် မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့သို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးပို့ပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်။

 

 

ြမန်မာအဖွဲ့ရုံး၊ နယူးယောက်မြုိ့

ရက်စွဲ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်

 


Election Form (15)  

Election Township List

Last Updated ( Thursday, 19 January 2012 )
 
All content and media: © 2012 by The Permanent Mission of the Union of Myanmar to the United Nations - NYC, All rights reserved.
Site Graphics and Design: © 2012 by GLobal ICT Systems Inc. All rights reserved.
Powered by: Joomla! is Free Software released under the GNU/GPL License.